ကမ္ဘာ့ပထမဆုံး လူလက်နဲ့ယက် လုပ်တဲ့ ကြိမ်ကား
တီထွင်သူကတော့ နိုင်ဂျီးယီးယားလူမျိုး ကြိမ် ၊ လျှော် ယက်လုပ်သူ Ojo Obaniyi ပဲ ဖြစ်ပါတယ်။ သူဟာ ဒီလုပ်ငန်းမှာ နှစ် ၂၀ လောက် အတွေ့အကြုံရှိခဲ့ပြီးဖြစ်ပါတယ်။ ဗောက်စ်ဝက်ဂွန် pick-up truck ကား ပုံစံအတိုင်း ကြိမ်နဲ့ ယက်လုပ်ပြခဲ့တာပါ။
ကားတစ်စီးလုံးကို ကြိမ်တွေနဲ့ ဖန်တီးထားတာကြောင့် အံသြဖို့ကောင်းလှပါတယ်။
"အတန်းပညာမတတ်တဲ့ သူတွေမှာလည်း သူနေရာနဲ့သူ ကျွမ်းကျင်တဲ့ပညာ တွေရှိမှန်း အားလုံးကိုသိစေချင်လို့ ဒါကိုလုပ်တာပါ" လို့ Obaniyi က ဆိုပါတယ်။ ဒီကြိမ်ကား ကို ယက်လုပ်ပြလိုက်တဲ့အတွက် သူ့ရဲ့လုပ်ငန်းကျွမ်းကျင်မှုကို ကြေငြာထားပြီးသား ဖြစ်သွားပါတယ်။
#သုတဇုန်
fb.com/thutazone
www.thutazone.com







No comments: