သဲကန္တာရအလယ်က အိုအေစစ်
သဲကန္တာရရဲ့ အလယ်တည့်တည့်မှာ အခုလို စိမ်းလန်းပြီး သာယာလှပတဲ့ ပတ်ဝန်းကျင်လေး တစ်ခုရှိတာ အလွန်ထူးဆန်းလှပါတယ်။ တရုတ်ပြည် အနောက်ပိုင်း Dunhuang က သဲကန္တာရထဲမှာ ရှိတဲ့ တရုတ်ဘုန်း
တော်ကြီးကျောင်းတစ်ကျောင်းပဲ ဖြစ်ပါတယ်။
အဲဒီမှာရှိတဲ့ ရေကန်ကိုတော့ Crescent Lake လို့ခေါ်ပါတယ်။ ရေကန်ရဲ့ အကျယ်အ၀န်းအားဖြင့် ၁.၃၇ ဧက ရှိပြီး ပျမ်းမျှအနက်ကတော့ ၄.၅မီတာခန့် နက်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တည်ရှိနေခဲ့တာဖြစ်ပြီး အလွန်ပူပြင်းပြီး သဲမှုန်တိုင်းမကြာခဏကျရောက်ခဲ့ပေမယ့် အမြဲစိမ်းလန်းနေတာ ကတော့ ဒီနေရာရဲ့ ထူးခြားချက်ပဲ ဖြစ်ပါတယ်။









No comments: