မိတ်ဆွေတွေဟာ အကိုက်အခဲ ပျောက်ဆေးထက် ပိုအစွမ်းထက်



မိတ်ဆွေ သူငယ်ချင်းကောင်း ဟူသည် ဒုက္ခကြုံရချိန် မှာ လည်း အတူရုန်းပေး သလို၊ သုခကြုံ ရချိန် မှာလည်း ၀မ်းမြောက်ပေး သူမျိုး ဖြစ်ရာ မိတ်ဆွေကောင်း ရှိခြင်းသည် ခွန်အားကြီး တစ်ရပ် ဖြစ်၏ ။

 လေ့လာမှု စစ်တမ်းသစ် တစ်ရပ် ကလည်း မိတ်ဆွေကောင်းသည် နာ ကျင် ကိုက်ခဲမှု ကိုလည်း သက်သာစေနိုင်၏ဟု ဆိုလိုက် ပြန်သည်။ အောက်စ်ဖို့ဒ် တက္ကသိုလ် သုတေသီများ၏ လေ့လာ တွေ့ရှိချက် အရ မိတ်ဆွေကောင်း များများရှိ သူသည် နာကျင်ကိုက်ခဲမှု ခံစားရနှုန်း နည်းပါး သလို၊ နာကျင် ကိုက်ခဲမှု ဒဏ်ကိုလည်း ပိုခံနိုင်ရည်ရှိ ကြကြောင်း သိရသည်။

 မိတ်ဆွေကောင်းများနဲ့ ကြုံရလျှင် လူသည် စိတ်ချမ်းသာ ပီတိ ဖြစ်ရခြင်းကြောင့် ဦးနှောက်တွင်းမှ အန်ဒိုဖင်းဓာတ် ပိုထွက်သည်။ အန်ဒိုဖင်းသည် ခန္ဓာကိုယ် နာကျင် ကိုက်ခဲမှုများကို ဖြေဖျောက် ပေးသည့် သဘာဝ အကိုက်အခဲ ပျောက်ဆေးလည်း ဖြစ်သည်။ အန်ဒိုဖင်းသည် လူကို နာကျင် ကိုက်ခဲမှု ကုစားပေး သလို၊ ပေါင်း သင်း ဆက်ဆံရေးကိုလည်း ပိုကောင်း စေပြန်ရာ မိတ်ဆွေကောင်းတွေ ကြောင့် စိတ်ချမ်းသာကာ အန်ဒိုဖင်း များများ ထွက်သူသည် ပေါင်းသင်း ဆက်ဆံရေးလည်း ပိုကောင်းလာပြီး စိတ်ချမ်းသာမှု သံသရာ စက်ဝန်း လည်း ပိုမြန်မြန် လည်ပတ်သည့် အကျိုး ခံစားရ ပြန်သည်။

 လူဟာ မိတ်ဆွေကောင်းတွေကြောင့် စိတ်ချမ်းသာရပြီး အန်ဒို ဖင်းများများ ထွက်သလို၊ မိတ်ဆွေဆိုး တွေရထားရင် စိတ်ရှုပ်ရပြီး အန် ဒိုဖင်း ထွက်နှုန်းလည်း ကျသွားတာ တွေ့ရပါတယ်ဟု သုတေသန အဖွဲ့ဝင် ကတာရီနာဂျွန်ဆင်က ရှင်းလင်း ပြောကြားသည်။

 Messenger news journal

No comments:

Powered by Blogger.