ဓာတ်လိုက်ပြီး သေဆုံးသွားတဲ့ သမီးကို ကမ္ဘောဒီးယားရဲ့ ရှေ့ဟောင်းနည်းဖြင့် ပြုလုပ်ပြီး ထိုင်စောင့်နေတဲ့ ဖခင်
ကမ္ဘောဒီးယားနိုင်ငံရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ မိဘများ အပြင်သွားစဉ် အိမ်မှာ ကျန်ခဲ့ပြီး အသက်(၁၀)နှစ်ဝန်းကျင်သာရှိသေးတဲ့ မိန်းကလေးတစ်ဦးဟာ လျှပ်စစ်ထမင်းအိုးဖြင့် ထမင်းချက်ဖို့ မီးကြိုးတပ်စဉ်မှာ ဓာတ်လိုက်ပြီး သေဆုံးသွားခဲ့ပါတယ်။
အဲ့ဒီလို ဓာတ်လိုက်ခံရပြီး သေဆုံးသွားတဲ့ သမီးငယ်လေးကို အသက်ပြန်ရှင်လာအောင် ခန္ဓာကိုယ် ကို မြေကြီးပေါ်မှာထားပြီး သဲများဖုံးထားလိုက်ရင် ခန္ဓာကိုယ်အတွင်း စီးဝင်နေတဲ့ လျှပ်စစ်ဓာတ်တွေ ဟာ မြေကြီးထဲကို ပြန်လည်စီးဝင်သွားနိုင်တယ်လို့ ကမ္ဘောဒီးယားရဲ့ ရှေးဟောင်းနည်းကို ယုံကြည် ထားတာကြောင့် ဖခင်ဖြစ်သူဟာ သမီးလေးရဲ့ခန္ဓာကိုယ်ပေါ်ကို သဲများဖုံးထားလိုက်ပါတယ်။
ကမ္ဘောဒီးယားရဲ့ ရှေးဟောင်းနည်းကို ယုံကြည်မှုကြောင့် သမီးလေး အသက်ပြန်ရှင်လာမယ်လို့ တထစ်ချ မျှော်လင့်ထားတဲ့ ဖခင်ဟာ သမီးလေးရဲ့ အသက်မဲ့ခန္ဓာကိုယ်ဘေးမှာ ထိုင်စောင့်ပြီး
မျှော်လင့်နေပေမဲ့လည်း သမီးလေးဟာ အသက်ပြန်ရှင်လာခြင်းမရှိတော့ပါဘူး။
ဘာသာပြန်။ ။ #နန်းမောက်ကွမ်
တာချီလိတ်သတင်းအေဂျင်စီ


No comments: