ကမ္ဘာ့ထိပ်သီး သေနတ်ကိုင်(၃)နိုင်ငံ
သေနတ်ပိုင်ဆိုင်မှုကို လူတစ်ရာ တစ်ယောက်နှုန်းအပေါ်အခြေခံတွက်ချက်မယ်ဆိုရင် အမေရိကန်၊ ဆားဗီးယား၊ ရေမန်နိုင်ငံတွေဟာ အမြင့်ဆုံးမှာရှိနေပါတယ်။ နိုင်ငံနာမည်တွေမှာပါတဲ့ သရစာလုံး e ကြောင့်ရယ်လားတော့မသိဘူး။ wiki ရဲ့ခန့်မှန်းတွက်ချက်မှုတွေအရဆိုရင်လည်း သေနတ်ပိုင်ဆိုင်မှု ထိပ်သီးသုံးနိုင်ငံဟာ အမေရိကန်၊ ဆားဗီးယား နဲ့ ရေမန်တို့ပဲဖြစ်ပါတယ်။ အဲ့ဒီ့ သုံးနိုင်ငံထဲမှာမှ ထင်ထားကြတဲ့အတိုင်း အမေရိကန်က နံပါတ်(၁)ဖြစ်နေပါတယ်။
Wikiရဲ့ကိန်းဂဏန်းတွေအရ၊ အမေရိကန် လူတစ်ရာမှာ (၉၄.၃)၊ ဆားဗီးယား လူတစ်ရာမှာ (၅၈.၂) နဲ့ ရေမန် လူတစ်ရာမှာ (၅၄.၈)စီတို့ဟာ လက်နက်ကိုင်ဆောင်ထားကြတယ်လို့သိရပါတယ်။ ဒီသုံးနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံ၊ ဘယ်နိုင်ငံမှာမှ လူတစ်ရာမှာ (၅၀)ထပ်ပိုပြီး သေနတ်မကိုင်ဆောင်နိုင်ကြပါဘူး။
Trend Myanmar
Trend Myanmar

No comments: