တရုတ် ဗုဒ္ဓဘာသာ ဘုရားရှိခိုးကျောင်းက ဘုန်းကြီးစက်ရုပ်
ဘေဂျင်းက ဗုဒ္ဓဘာသာဘုရားရှိခိုးကျောင်းရှေ့မှာ လမ်းလျှောက်ပြီး တရားစာရွတ်နေတဲ့ ဘုန်းကြီးစက်ရုပ်လေးပါ။ သူ့နာမည်ကိုတော့ Xian'er လို့ပေးထားပြီး ၂ပေ ခန့်အရှည်ရှိတဲ့ စက်ရုပ်ကလေးပါ။ ပလတ်စတစ် နဲ့ သတ္တုတို့ကိုပေါင်းစပ်ပြုလုပ်ထားပါတယ်။ သူ့ရဲ့လက်ထဲမှာတော့ Touch screen တစ်ခုကို ကိုင်ထားပါတယ်။ စက်ရုပ်ဘုန်းကြီးလေးဟာ ဗုဒ္ဓဘာသာ နဲ့ နေ့စဉ်ဘ၀ရဲ့ အခြေခံမေးခွန်း ၂၀ ခန့်ကို ဖြေနိုင်စွမ်းရှိပါတယ်။ လှုပ်ရှားမှုပုံစံ ၇ မျိုးကိုလည်း လုပ်ဆောင်နိုင်ကြောင်း သိရပါတယ်။ Xian'er ကို ဖန်တီးတီထွင်သူ Xianfan ကတော့ ဗုဒ္ဓဘာသာဟာ လက်တွေ့အကျဆုံးဘာသာ ဖြစ်တာကြောင့် သိပ္ပံပညာနဲ့ ပေါင်းစပ်တဲ့ နေရာမှာ အလွန်အဆင်ပြေတယ် လို့ ဆိုပါတယ်။
#သုတဇုန်
fb.com/thutazone
www.thutazone.com










No comments: