ရှုးဖိနပ် စီးတဲ့အခါ အရည်ကြည်ဖု မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ


ပွတ်တိုက်မှုတွေကြောင့်ဖြစ်လာတဲ့ ခြေထောက် အရည်ကြည်ဖု တစ်ခုတည်းနဲ့တင် လမ်းလျှောက်တာ မခံမရပ်နိုင်အောင် ဖြစ်စေတတ်ပါတယ်။ ဒါ့ကြောင့် အရည်ကြည်ဖုများ မဖြစ်အောင် ရှောင်ရှားတဲ့ နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဖိနပ်ဝယ်တဲ့အခါ သတိထားပါရှုးဖိနပ်ကြီးလွန်းတာ သို့မဟုတ် သေးလွန်းတာတွေ စီးတဲ့အခါ ပွတ်တိုက်မှုဖြစ်တာ ရည်ကြည်ဖုဖြစ်ပေါ်ခြင်း အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ လူအများစုမှာ ခြေထောက်နှစ်ဖက်လုံး ချွတ်စွပ် မတူညီကြဘူး သို့မဟုတ် တစ်ဖက်က ပိုကြီးနေပါတယ်။ နောက် အကယ်၍ သင်လည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဆိုရင် ပိုကြီးတဲ့ခြေထောက်နဲ့ အံကိုက်ဖြစ်တဲ့ ဖိနပ်ကိုသာ အမြဲဝယ်ပါ။ စီလီကွန်အကြည်ပြားလေးသုံးပြီး ခုထားနိုင်ပါတယ်။

(၂) ရည်ကြည်ဖုဖြစ်တတ်တဲ့နေရာကို ဆီသုတ်ပေးပါရှုးဖိနပ် မစီးမီ ရည်ကြည်ဖုဖြစ်တတ်တဲ့ နေရာတွေမှာ ဥပမာ Vaseline လို oily ဖြစ်တဲ့ cream လေး လိမ်းပေးပါ။

(၃) စပ်ဖျဉ်းဖျဉ်းခံစားရတာနဲ့ ချက်ချင်းလုပ်ပါရည်ကြည်ဖု အဖြစ်မခံပါနဲ့။ စပ်ဖျဉ်းဖျဉ်း ခံစားလာရတာနဲ့ ချက်ချင်း ပလာစတာကပ်ပေးပါ။ ပလာစတာကို အိတ်ထဲ၊ အလုပ်မှာဆို အံဆွဲထဲ၊ ကားထဲစသဖြင့် အမြဲအသင့် ဆောင်ထားပါ။

(၄) ခြေအိတ်ကောင်းကောင်း အမြဲဝယ်ဝတ်ပါချွေးစိုတဲ့ခြေထောက်နဲ့ ခြေအိတ်တွေက ရည်ကြည်ဖု ပေါက်စေနိုင်တယ်။ ချည်ထည်ခြေအိတ်တွေ ရွေးဝတ်တာ အကောင်းဆုံးဖြစ်ပါတယ်။

trend myanmar

No comments:

Powered by Blogger.