မိုးရွာဖို့ တောင်တစ်လုံး ဆောက်မယ့် UAE ရဲ့ ထူးထူးဆန်းဆန်း အစီအစဉ်
အာရပ်စော်ဘွားများ ပြည်ထောင်စု ယူအေအီး နိုင်ငံဟာ အလွန်ပူပြင်းလှတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ တစ်နှစ်ပတ်လုံး မိုးဟာ မရွာသလောက်ရှိပါတယ်။ ဒီမိုးမရွာတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ တောင်တစ်လုံး
ဆောက်လုပ်သွားမှာပဲ ဖြစ်ပါတယ်။
တောင်တွေဟာ မိုးရွာစေတဲ့ အဓိကအချက်တစ်ချက်ဖြစ်ပါတယ်။ စွတ်စိုတဲ့ လေထုဟာ တောင်တွေပေါ်
ရောက်လာတဲ့အခါ ပိုပြီးအေးလာပါတယ် ။ ထိုလေတွေဟာ အမြင့်ကို ထပ်တက်တဲ့အခါ မိုးတိမ်တွေကို ဖြစ်လာစေမှာပါ။ ဖြစ်လာတဲ့ တိမ်တွေက တစ်ဆင့် မိုးကိုရွာစေမှာပဲ ဖြစ်ပါတယ်။
မိုးရွာခြင်းဟာ ယူအေအီး အတွက် အကြီးမားဆုံးပြသနာတစ်ခု ဆိုရင်လည်း မမှားပါဘူး။ အခုအစီအစဉ်ကို အမေရိကန်အခြေစိုက် လေထုသုတေသန အဖွဲ့ဖြစ်တဲ့ NCAR က အဓိကတာဝန်ယူထားပါတယ်။ ဒီစမ်းသပ်မှုအတွက် လောလောဆယ်မှာ ဒေါ်လာ ၄ သိန်းခန့်ကုန်ကျခဲ့ပြီးပါပြီ။ တောင်တစ်ခု လုံးပြီးစီးဖို့အတွက်တော့ ဒေါ်လာ ၂၃၀ ဘီလီယံ ခန့်ကုန်ကျလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။

No comments: