စစ်သားတွေနေတဲ့ အဆောင်မှာ ခြောက်တဲ့ သရဲမ (ဖြစ်ရပ်မှန်)


ကျွန်တော်က စလုံးမှာနေနေတာပါ PR(permanent residant) ရထားတာဆိုတော့ စလုံးဥပဒေအရ စစ်မှုမထမ်းမနေရ နှစ်နှစ် ထမ်းရတယ် ဒီလိုနဲ့ စစ်မှုထမ်းတော့ camp မှာသွားနေရတယ်လေ camp ဆိုတာလဲ training သီးသန့်ဆိုတော့ စလုံးမှာမထားဘဲ စလုံးနဲ့ မလှမ်းမကမ်းက ကျွန်းမှာ သွားနေရ တယ်။ မသွားခင်တော့ သူငယ်ချင်းတွေ စစ်မှုထမ်းပြီးတဲ့ လူတွေကပြောတာပေါ့ သရဲခြောက်တယ် သတိထား ဘုရားရှိခိုး အိပ်ပေါ့။ ကျွန်တော်သရဲ တွေကို မယုံမကြည်မလုပ်ပါဘူး။ ကြောက်လည်း မကြောက်ဘူး။ ရှိတာတော့ယုံတယ်။ အကယ်လို့ တွေ့ခဲ့သည်ရှိတယ် စိတ်ကိုဘယ်လို
ပြင်ဆင်ရမလဲ ကြောက်စိတ်မဖြစ်မောင် ဘယ်လိုထိန်းချုပ်ရမလဲ အမြဲ စဉ်းစားတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ training စဆင်းရတာပေါ့။ training ဆင်းတဲ့သူတွေမှာ တစ်ချို့က ကျန်းမာရေးအခြေအနေကြောင့်မလုပ်နိုင်တဲ့သူ တွေရှိတယ်။ ကျွန်တော်တို့ အဖွဲ့ မှာ နှစ်ယောက် ပါတယ်။ နေ့တိုင်းနီးပါး ဆေးခန်းသွားပြရတယ်ကြာတော့ သူတို့ sergeant တွေက OOT(out of training)ဆိုပြီး တံဆိပ်လေး ကပ်ပေးထားလိုက်တယ်။ OOT ဆိုတော့ ညာဆိုဘာမှ လုပ်စရာ မလိုတော့ဘူး။ ကျွန်တော်တို့ training လုပ်ရင် လုပ်ရတဲ့ ပစ္စည်းတွေ သယ်ပေးရတာတို့လျှော်ပီး သား အိပ်ယာခင်းတွေ ပြန်သယ်ရတာတို့လောက်ပဲလုပ်ရတော့တယ်။ အဲဒီ နှစ်ယောက်တည်းက တစ်ယောက်က သရဲတွေကို မြင်ရတယ်လို့ပြောတယ်။ မြင်ရတယ်ဆိုတာကလည်း သရဲက ပြ လို့မြင်ရတာမဟုတ်ဘဲ သူ့မျက်စိကိုက မြင်ရတာ။ ဒါတောင်မကသေးဘူး သရဲနဲ့စကားတောင်
ပြောလို့ရတယ်ဆိုပဲ။ အစကတော့ကျွန်တော်လည်းမယုံဘူး။ အခုမှဇာတ်လမ်းကစတာ
တစ်နေ့ကျွန်တော်တို့ အခန်းထဲ ဆံပင်အဖြူ အရှည်ကြီးတစ်ပင် တွေ့တယ် တွေ့တဲ့ သူက သူ့ဟာ ကိုယ့်ဟာ ဆိုပြီး စနေသေးတယ်။ ကျွန်တော်တို့ တစ်ခန်းကို ၁၆ယောက်နေရပါတယ်။

ပြီးတော့ စလုံးမှာ စစ်မှုထန်းတဲ့ ပထမ လေးလ ကို အကုန်လုံး ကတုံးတုံး ရပါတယ်။ ပြီးတော့ camp မှာလည်း မိန်းကလေး ကဟင်းချက်တဲ့ အဖွားကြီးတို့ office မှာထိုင်တဲ့ မိန်းကလေူ တွေရှိပါတယ်။ ဒါပေမယ်သူတို့ တွေက တပ်သား တွေအဆောင်ကို လာလို့မရပါဘူး။ ထူးဆန်းတာ ဆံပင်က ဘယ်ကရောက်လာတာလဲ။ စစပိုင်းတော့ဘယ်သူမှသတိမထားမိဘူး။ နောက်ပိုင်းရက်တွေမှာ သရဲမြင်ရတယ်ဆိုတော့ တစ်ယောက်ကပြောတယ် အခန်းတွေရှေ့ကနေ ကောင်မလေး တစ်ယောက်ဖြတ်ပြေးသွားတာမြင်တယ်တဲ့ ကောင်မလေး က အရမ်းကြောက်လန့်နေတယ် တဲ့။ တော်တော်စဉ်းစားရခက်တာက ယောက်ျားလေး တွေ စစ်မှုထမ်းတဲ့ အဆောင်မှာ မိန်းကလေးသရဲ ရှိတယ်ဆိုတာပဲ။

 တော်တော်ကြာလာတဲ့တစ်နေ့ ကျွန်တော် တို့ training တွေပြီးလို့ အဆောင်ကို ပြန်တက်လာတယ်။ ကျွန်တော်တို့ အဆောင်က ၅ထပ်ရှိတယ် ။ အပေါ်ဆုံးထပ်ပဲ။ကျွန်တော်အပေါ်ထပ်ရောက်ခါနီးမှာ အသံကြားလိုက်ရတယ် "get out, get out from here. Don't come." ဆိုပြီးအမိန့်ပေးတဲ့ အသံနဲ့ ဗျာ။ အသံကတော့ရင်းနှီးတယ်။ သရဲမြင်ရတယ်ဆိုတဲ့ငောင်ရဲ့အသံ။ သူဘယ်သူ့ကိုပြောနေတာလဲဆိုတာတော့ မသိဘူး ကျွန်တော်က ၄ လွှာမှာပဲရှိသေးတာကိုး။ ဒါနဲ့အပေါ်တက်လာရော လှေခါးဆင်းတဲ့ အသံတွေကြားရပြီး ကျွန်တော့်ကိုဝင်တိုက်သွား တာ ကျွန်တော်တောင်လဲကျတော့မလို့ကံကောင်းတယ်။ အဲဒါနဲ့အပေါ်ကိုအမြန်ပြေးတက်သွားပြီး ဟိုတစ်ယောက်ကိုမေးတော့ သရဲမလေးတဲ့ အဆောင်ပေါ်
ရောက်လာလို့ အော်ထုတ် လိုက်တာတဲ့ ဒီတစ်ခါတော့သူမြင်ရတယ် စကားပြောလို့ရတယ်ဆိုတာ မယုံလို့မရတော့ပါဘူး။ ဒါနဲ့ကျွန်တော်လည်း စစနောက်နောက်နဲ့ နောက်တစ်ခါတွေ့ရင် အဲဒီသရဲမလေး ကိုမေးလိုက်ကွာ မြန်မာလိုပြောတတ်လားလို့ ပြောလိုက်တယ်။

 ဒီလိုနဲ့ကျွန်တော်တို့ field camp ထွက်ရမယ့်ရက်ရောက်လာတယ် ၅ ရက်လောက်ကြာမယ်။
တောထဲမှာပဲနေရမှာ အဆောင်ပြန်လို့မရဘူး။ OOT နှစ်ယောက်က ပဆောင်မှာကျန်ခဲ့တာပေါ့ အဲဒီမှာစတာပဲ။ ညဘက် ရောက် သရဲမမြင်ရတဲ့တစ်ယောက်က အိမ်သာသွားတတ်တယ်တဲ့ အိမ်သာတတ်ပြီး ပြီး လက်ဆေးနေတဲ့ အချိန် မှန်ထဲ ကနေသရဲကိုလှမ်းမြင်လိုက်ရတယ် တဲ့။ သရဲက အိမ်သာ တံခါးပေါက်ဝမှာ မတ်တပ်ကြီးရပ်နေတာတဲ့။ ကောင်မလေးတော့မဟုတ်ဘူး ။ မိန်းမကြီးတဲ့။ ခေါင်းကြီးငုတ်ထားပြီး မျက်နှာကို ဆံပင် အဖြူအရှည်ကြီးနဲ့ ဖုံးထားတယ်တဲ့။ တစ်ကိုယ်လုံးအဖြူဝမ်းဆက်တဲ့။ သူလှည့်ကြည့်တော့ မမြင်ရတော့ဘူးတဲ့ သူလည်းကြောက်လို့
နောက်တောင်လှည့်မကြည့်ဘူး ပြေးတာဆိုပဲ။ ကျွန်တော်တို့ပြန်ရောက်လာတော့ သူပြန်ပြောပြတာပဲ။ ဒါနဲ့ ကျွန်တော်အိမ်သွားတိုင်း အမျှဝေတယ် အနှောက်အယှက်မပေးပါနဲ့ပေါ့။

နောက်ဆုံး ညရောက်တော့ အဲဒီ မိန်းမကြီးပဲဖြစ်မယ် ကျွန်တော်အိပ်နေတုန်း ကုတင်လာ လှုပ်တယ်။ ကုတင်က နှစ်ထပ်ကုတင်။ ကျွန်တော်က အောက်မှာ အိပ်တာ ဆိုတော့ အပေါ်က တစ်ယောက် လှုပ်တယ်ပဲထင်တာ နောက်တော့ ဆောင်ပါလာလှန်တယ်။ကျွန်တော်လည်း အမျှပဲပေးဝေ ပြီး မနှောက်ယှက်ဖို့ပြောမှ ငြိမ်သွားတယ်။ ကျွန်တော်ထင်တာတော့ လာနှုတ်ဆက်တာလားမသိဘူး။
ဒါကတော့ ကျွန်တော်ကြုံခဲ့ ရတဲဘ စလုံးကအဖြစ်အပျက်လေးပါ။ လုပ်ကြံဖန်တီးထားတာမဟုတ်ပါ။ မယုံကြည်ပါက အိမ်သာမှာ အခြောက်ခံရတဲ့ သူငယ်ချင်းအကောင့်ရှိပါတယ်။ Singaporean. ပါ။ သူ့ကိုမေးလို့ရပါတယ်။ ကျေးဇူးတင်ပါတယ်။

New Myanmar Pyi

No comments:

Powered by Blogger.