လှိုင်သာယာက သရဲတစ္ဆေ ကိုင်တယ်ဆိုတဲ့ ဖုန်းတစ်လုံး သတင်းဂယက်



သရဲ တစ္ဆေ ပရလောကသားတစ်ဦး ကိုင်ပြီး ၎င်းဖုန်းကို ခေါ်ဆိုပါက တစ်ဖက်မှ ပြန်လည်၍ ဖုန်းလက်ခံပြောကြားပြီး အသံမှာကြောက်မက်ဖွယ်ကောင်းသည် ဟူသော သတင်းသည် မိုဘိုင်းဖုန်း အသုံးပြုသူများ အကြားပျံ့နှံ့လျက်ရှိသည်။

ထိုသို့ဖြစ်ပေါ်နေသော သတင်းမှာ ရန်ကုန်တိုင်း ၊ လှိုင်သာယာ မြို့နယ်အတွင်းရှိ အမျိုးသမီးငယ် တစ်ဦးမှာ မိုဘိုင်းဖုန်း အရမ်းကိုင်ချင်သော်လည်း ပိုက်ဆံမတတ်နိုင်သဖြင့် တန်ဖိုးနည်း ဆင်းကတ်များထွက်မယ့် အချိန်ကိုစောင့်ခဲ့သည်။ ဆင်းကတ်ထွက်လို့ ဖုန်းရပြီး မကြာခင်မှာပဲ အမျိုးသမီးသေဆုံးခဲ့သည် ။ အစွဲကြောင့် ဆင်းကတ်ကိုပါ ရုပ်အလောင်းနှင့် မီးသဂြိုလ်ခဲ့ကြောင်း ၊ ၎င်းနောက် သေဆုံးသည်ကို မသိသူ အသိတချို့က ယင်းဖုန်းကို ဆက်သည့်အခါ ဖုန်းပြန်ဖြေသည် ဟူသော သတင်းသည် ပျံ့နှံ့ခဲ့သည်။

အဆိုပါ ဖုန်းနံပါတ်မှာ ၀၉ ၂၅၆ ၂၁၈ ၀၈၉ ဖြစ်ပြီး ယင်းဖုန်းကို ဆက်ရာ တစ်ဖက်မှ ဟဲလို ဟု သုံးကြိမ်
( အသံမတူ ) ဖြေ၍ ခဏအသံခြားကာ စုစုပေါင်း ၁၈ ကြိမ် ဟဲလိုဟု ပြန်လည် ဖြေဆိုခဲ့သည် ။ ထပ်မံ၍ ပြန်လည် ခေါ်ဆိုရာတွင် အထက်ပါအတိုင်း ၁၈ ကြိမ် ဟဲလိုဟု ပြန်လည်ပြောဆိုခဲ့သည် ။ ၎င်းမှာ တကယ်မဟုတ်ပဲ Call Ringtone ဟု ယူဆပြီးဖုန်းဘေကို စစ်ဆေးသည့်အခါဘေမှာလျှော့
နေကြောင်းတွေ့ရသည်။

၎င်းဖုန်းနှင့် ပတ်သတ်၍ လုပ်ကြံပြောဆိုနေသည်ဟု သံသယရှိသူများက မြန်မာ့ဆယ်သွယ်ရေး လုပ်ငန်းကို ဆက်သွယ်မေးမြန်းရာ ၎င်းတို့ အနေဖြင့် မသိရှိကြောင်းနှင့် နည်းပညာဖြင့် ပြုလုပ်ခြင်း ဟုတ်မဟုတ်ကို ကျွမ်းကျင်သူများသာ သိရှိမည်ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

(စိတ်ဝင်စားသူများ ထိုဖုန်းကိုစမ်းသပ်ခေါ်ကြည့်ပါ ၊ ပြီးရင်ဟုတ်မဟုတ်ပြောပြပေးပါ ၊ ကျွန်တော်တော့ မခေါ်ရဲလို့ မခေါ်ပါ :D )

Source ; Popolay.com

3 comments:

  1. ခေါ်ပြီသရဲဖုန်း

    ReplyDelete
  2. စက်ပိတ်ထားတယ်တဲ့ အင်းသရဲလည်းဒီချိန်ဆို အိပ်ရောပေါ့

    ReplyDelete
  3. စက်ပိတ်ထားတယ်တဲ့ အင်းသရဲလည်းဒီချိန်ဆို အိပ်ရောပေါ့

    ReplyDelete

Powered by Blogger.