selfie တုတ်တံတွေ မလိုတော့ဘဲ လေထဲက ကင်မရာနဲ့ ဓာတ်ပုံရိုက်နိုင်တော့မည်
selfie ရိုက်တာကို စွဲနေတဲ့သူတွေက ဘာပဲလုပ်လုပ်
ဘယ်နေရာရောက်ရောက် selfie ရိုက်ရမှ ကျေနပ်တဲ့သူတွေ ဖြစ်ပါတယ်။ ယ့်ရဲ့
လှုပ်ရှားမှုတိုင်းကို လေပေါ်မှာ ပျံဝဲနေတဲ့ ကင်မရာငယ်လေးနဲ့ အဆက်မပြတ်
မှတ်တမ်းတင်ထားနိုင်မယ်ဆိုရင် အရမ်းကို သဘောကျကြမယ် ထင်ပါတယ်။
ဆန်ဖရန်စစ္စကို
အခြေစိုက် Zero Zero Robotics ကုမ္ပဏီက လူတိုင်း အသုံးပြုနိုင်မယ့်
လေပေါ်ပျံဝဲနေတဲ့ ကမ္ဘာ့ ပထမဆုံး ကိုယ်ပိုင်ကင်မရာငယ်လေးကို
တီထွင်လိုက်ပြီဖြစ်တဲ့အတွက် ဘယ်နေရာသွားသွား selfie တုတ်တံ
ဆောင်ထားစရာမလိုတော့ပါဘူးလို့ ဆိုပါတယ်။ စိတ်လှုပ်ရှားစရာ အချိန်တွေဖြစ်တဲ့
မိသားစု အပန်းဖြေပုံတွေ ၊ဘောလုံးကန်နေတုန်း ဘောလုံးကစားကွင်းအစွန်းမှာ
လေပေါ်ကနေ ကိုယ့်ပုံကို ရိုက်နိုင်တာတွေလို ထူးခြားတဲ့ ခံစားမှုတွေကို
ပေးနိုင်ပါလိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။
ကြည်လင်ပြတ်သားတဲ့
ပုံရိပ်တွေနဲ့ ဗီဒီယို ရိုက်နိုင်ပြီး ကိုယ့်ဖုန်းကနေတဆင့် Wi-Fi
နဲ့ချိတ်ဆက်ပြီး ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ပုံရိပ်ဖမ်းရာမှာ
တည်ငြိမ်စေတဲ့ ခေတ်မီ နည်းပညာ အသုံးပြုထားပြီး 13MP ရှိတဲ့ ကင်မရာ
ဖြစ်ပါတယ်။တခြား drone လေယာဉ်တွေလို မောင်းနှင်ရမခက်ခဲဘဲ
အလွယ်တကူ
မောင်းနှင်နိုင်ပါတယ်။ အလေးချိန်ကလည်း ၉ အောင်စလောက်သာရှိတဲ့အတွက် လေကြောင်း အာဏာပိုင်အဖွဲ့ထံမှာလည်း မှတ်ပုံတင်စရာ မလိုပါဘူး။
မောင်းနှင်နိုင်ပါတယ်။ အလေးချိန်ကလည်း ၉ အောင်စလောက်သာရှိတဲ့အတွက် လေကြောင်း အာဏာပိုင်အဖွဲ့ထံမှာလည်း မှတ်ပုံတင်စရာ မလိုပါဘူး။
အလွယ်တကူ
အိတ်ထဲမှာ ခေါက်သိမ်းနိုင်ပြီး အမြင့် 164 ပေအထိ 8 မိနစ်ကြာ လေထဲမှာ
ပျံသန်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့ အမြင့်တစ်နေရာကနေ
မမြင်နိုင်တဲ့ ကင်မရာထောက် နဲ့ ထောက်ထားသလို ငြိမ်သက်စွာနဲ့ ရှင်းလင်း
ပြတ်သားတဲ့ပုံရိပ်တွေကို ရိုက်ကူးပေးမှာဖြစ်ပါတယ်။
ဈေးနှုန်းကတော့ $600 အောက်မှာပဲ ရှိနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။
ဈေးနှုန်းကတော့ $600 အောက်မှာပဲ ရှိနိုင်ပါတယ်လို့ ခန့်မှန်းထားပါတယ်။
Trend Myanmar

No comments: