အမျိုးသားတွေ သိထားသင့်တဲ့ ကင်ဆာလက္ခဏာ ၇ မျိုး
ကင်ဆာဆိုတာ လူတွေကိုသေစေတတ်တဲ့ရောဂါဆိုးတွေအနက် တစ်ခုဖြစ်တယ်။
ဒါပေမဲ့ ကင်ဆာနုစဉ် အချိန်မှာ သိရင် တော့ ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။
ဒါကြောင်း အခါမနှောင်းခင် ကင်ဆာကို အမြစ်ပြတ်ချေမှုန်းဖို့အတွက်
ကင်ဆာရောဂါလက္ခဏာတွေကို စောစီးစွာသရှိဖို့ အထူးအရေးကြီးပါတယ်။
အမျိုးသားတွေခံစားရတဲ့ အစောဆုံးကင်ဆာ လက္ခဏာများကို Boldsky စာမျက်နှာမှယူပြီး အောက်ပါ အတိုင်း ကိုးကားပေးလိုက်ပါတယ်။
ဆီးသွားချိန် နာကျင်ခြင်း
ဆီးသွားစဉ်
ဆိုးရွားစွာ နာကျင်ခြင်းနှင့် သွေးစက်များပါခြင်းဟာ
ဆီးကျိတ်ကင်ဆာနုစဉ်အချိန်လက္ခဏာများ ဖြစ်ပါတယ်။ ခင်ဗျား အဲလိုခံစားနေရပါက
ရောဂါမသည်းခင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
ဝှေးစေ့များပြောင်းလဲလာခြင်း
အမျိုးသားများမှာ
ကင်ဆာရောဂါစွဲကပ်လာပါက ဝှေးစေ့များအရောင်ပြောင်းလဲလာပါတယ်။ ဝှေးစေ့များ
အနက်ရောင်သို့ ပြောင်းလဲလာခြင်း ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့
အကျိတ်အခဲတစ်ခုတွေ့ရှိပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးပါ။
အရေပြားတွေ ကြမ်းတမ်းလာခြင်း
အသက်
၅၀ ကျော်အရွယ်အမျိုးသားများ
အရေပြားကင်ဆာရောဂါဖြစ်ပွားဖို့ရာခိုင်နှုန်းများပြားတယ်လို့ ကျွမ်းကျင်
သူတွေက ဆိုပါတယ်။ အရေပြားတစ်နေရာရာမှာ အရေပြားပြောင်းလဲမှုများ၊
ကြမ်းတမ်းမှု၊ သိပ်သည်းထူပ်ထပ်မှု ဒါမှမဟုတ် တစ်စုံတစ်ရာထူးဆန်းနေတယ်လို့
ခံစားရပါက ဆရာဝန်နှင့် ချက်ချင်းစစ်ဆေးကြည့်ပါ။
ဒါဏ်ရာ အနာတရများ လွယ်လွယ်ပျောက်ကင်းမသွားခြင်း
ဒါဏ်ရာ
အနာများလွယ်လွယ်နဲ့ပျောက်ကင်းမသွားခြင်း၊ အသားအရေ
ဖြူဖတ်ဖြူရော်ဖြစ်နေခြင်း၊ နီးမြန်းနေခြင်း ဒါမှမဟုတ်
မွဲပြာနေတယ်လို့ခံစားရပါက ဆရာဝန်နှင့်ချက်ချင်းပြသပါ။
နာတာရှည် ချောင်းဆိုးခြင်း
ချောင်းဆက်တိုက်ဆိုးနေတာဟာ အဆုတ်ကင်ဆာဖြစ်တော့မယ့် လက္ခဏာဖြစ်ပါတယ်။
မစင်စွန့်ရာတွင် သွေးပါခြင်း
မစင်စွန့်တဲ့အခါ
မစင်ထဲမှာ သွေးတွေပါနေတာဟာ ကင်ဆာရောဂါရဲ့အရိပ်လက္ခဏာတွေ ဖြစ်ပါတယ်။
အထူးသဖြင့် အချိန်အကြာကြီးဝမ်းချုပ်ပြီး အဲဒီလိုအခြေအနေမျိုးဖြစ်နေပါက
နမော်နမဲ့ မနေပါနဲ့။
အချိန်အကြာကြီး ဗိုက်အောင့်ခြင်း
အချိန်အကြာကြီး
ဗိုက်အောင့်နေတာဟာ သတိထားရမဲ့အရိပ်လက္ခဏာတွေဖြစ်ပါတယ်။ ဒီလိုအရိပ်လက္ခဏာ
တွေဟာ အသည်းကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာအိမ်အူမကြီးကင်ဆာဖြစ်မဲ့
ရှေ့ပြေးနိမိတ်လက္ခဏာတွေ ဖြစ်တယ်။
အဖျားရောဂါ၊
မောပန်းနွမ်းနယ်မှု၊ ခန္ဓာကိုယ်တစ်နေရာ ရောင်းရမ်းကိုက်ခဲနာ ဒါမှမဟုတ်
ရုတ်တရက်ကိုယ်အလေးချိန် ကျသွားခြင်းရောဂါတွေလိုမျိုး ခင်ဗျားသတိထားရမဲ့
အခြားနိမိတ်လက္ခဏာတွေအများအပြားရှိပါတယ်။Trend Myanmar

No comments: