အကြင်နာတရား အပြည့်နဲ့ ရဲအရာရှိ


အသက် ၄၇ နှစ်အရွယ် Helen ဆိုတဲ့ အမျိုးသမီးကို ခိုးမှုတစ်ခုနဲ့ ရဲစခန်းကို ရောက်လာတဲ့အတွက် ရဲအရာရှိက စစ်ပါတယ်။ အဲဒီနောက်တော့ ၀ယ်စရာ ပိုက်ဆံမလောက်တော့လို့ ကြက်ဥ ငါးလုံးခိုးမိကြောင်း ၀န်ခံပါတယ်။

သူမဟာ အလွန်ဆင်းရဲပြီး ထောက်ပံ့ကြေးနဲ့ စားနေရတဲ့ မသန်မစွမ်း တစ်ယောက်ဖြစ်ပါတယ်။ သမီး နဲ့ မြေးလေးတစ်ယောက်လည်း ရှိပါတယ်။ အဲဒီအချိန်က ထောက်ပံ့ကြေးဟာ ပျောက်ဆုံးသွားခဲ့လို့ သူမမှာ ၁.၇၅ ဒေါ်လာပဲ ကျန်တော့ပါတယ်။ မိသားစု ၃ ယောက် ၂ရက် နီးပါး အစာမစားပဲ နေခဲ့ရပါတယ်။ ကျန်တဲ့ဒေါ်လာ နဲ့ ကြက်ဥ၀ယ်ဖို့လောက်မယ်လို့ထင်ခဲ့ပေမယ့် အခွန် ၀.၅ ဒေါ်လာ ထပ်ပေးရတာကြောင့် မလောက်တော့ပါဘူး။ ဒါနဲ့ သူမဟာ ကြက်ဥ ငါးလုံးကို သူမ အိပ်ကပ်ထဲ ထည့်ခိုးပါတော့တယ်။

အကြောင်းစုံ သိသွားတဲ့ ရဲအရာရှိဟာ သူမဆီက နောက်ဘယ်တော့မှ အခုလို မလုပ်ဖို့ ကတိတောင်း ပါတယ်။ အဲဒီနောက် စူပါမတ်ကတ်ကိုခေါ်သွားပြီး သူမအလိုရှိသလောက်အပြင် များပြားလှတဲ့ စားစရာ နဲ့ အ၀တ်အစားတွေကို ၀ယ်ပေးခဲ့ပါတယ်။

ဘာလို့ မဖမ်းသလဲ ထိုအရာရှိကိုမေးတော့ အရာရှိက -
"ဥပဒေ ဆိုရင် သူ့ကိုဖမ်းသင့်ပါတယ်။ ဒါပေမယ့် ဒီအချိန်မှာ လူသားချင်းစာနာထောက်ထား မှုက ပိုအရေးကြီးပါတယ်" လို့ သူက ဖြေပါတယ်။
ဒီအမျိုးသမီးကို မဖမ်းလို့ သူ့အပြစ်ပေးရင်လည်း ခံပါမယ့် ဆိုတဲ့သဘောပါ။ အဲဒီအကြောင်းကို အင်တာနက်ပေါ်တင်လိုက်ရာကနေ ကမ္ဘာတစ်ဝှမ်းက အကူအညီတွေဟာ အမျိုးသမီး မိသားစုထံ ရောက်လာပါတော့တယ် :)

#‎
သုတဇုန်‬

fb.com/thutazone
www.thutazone.com

No comments:

Powered by Blogger.