နန်းမတော် မယ်နု အုတ်ကျောင်း

 နန်းမတော်မယ်နု အုတ်ကျောင်းကို  မဟာအောင်မြေဘုံစံကျောင်းတော်ကြီး ဟုလည်း ခေါ်ကြသည်။
နန်းမတော် မယ်နု အုတ်ကျောင်းကို ၁၈၂၂ ခုနှစ်တွင် ဘကြီးတော်မင်းတရားကြီး၏ မိဖုရားခေါင်ကြီးဖြစ်
သောမယ်နုက ညောင်ကန်ဆရာတော် ဦးပို အား တင်လှူပူဇော်ခဲ့သည်။


ဆရာတော် ဦးပို ပျံလွန်တော်မူသောအခါ ဆရာတော် ဦးဗုဓ် အား ထပ်မံလှူဒါန်းခဲ့သည်။ ၁၈၃၈ ခုနှစ်
တွင်ပြင်းထန်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရသော်လည်း နန်းမတော် မယ်နု၏ သမီးဖြစ်သော မင်းတုန်းမင်းကြီး၏ မိဖုရားလည်းဖြစ်သော ဆင်ဖြူမရှင် မိဖုရားက ပြန်လည်ပြင်ဆင်ခဲ့ပါသည်။
နန်းမတော် မယ်နု ဆောက်လုပ် လှူဒါန်းခဲ့သော မဟာအောင်ပြေဘုံစံကျောင်းခေါ် မယ်နုအုတ်ကျောင်း သည် ဇေတ၀န်ဆောင်နှင့် ပြသာဒ်ဆောင်ပါဝင်သော သစ်သား ဘုန်းတော်ကြီးကျောင်းနှင့် သဏ္ဍာန်တူအောင် တည်ဆောက်ထားပြီး လက်ရာမြောက်သော ကုန်းဘောင် ခေတ်နှောင်းပိုင်း ပန်းရံ ပန်းပု ပန်းတမော့ စသော မြန်မာ့ ဗိသုကာ လက်ရာများဖြင့် ထင် ရှားလှသည်။

Kumar Khadka



No comments:

Powered by Blogger.