လူပျိုရံ လုပ်မယ့်သူက မင်္ဂလာပွဲမတိုင်မီညမှာ လက်ထပ်လက်စွပ်ကို မျိုချခဲ့
ကိုယ့်ဘဝရဲ့ အရေးပါတဲ့ နေ့မတိုင်မီညမှာ ဖြစ်ခဲ့တဲ့
အဆိုးဆုံးဖြစ်ရပ်က ဘာများဖြစ်နိုင်ပါသလဲ။ မနက်ဖြန် မင်္ဂလာပွဲကျင်းပမယ့်ညမှာ
လက်ထပ်လက်စွပ်ပျောက်သွားတာလောက် ဆိုးရွားတဲ့ ဖြစ်ရပ်ရှိနိုင်ပါ့မလား။
Dough
ဆိုတာ သတိုးသားဖြစ်သူနဲ့ အလယ်တန်းကျောင်းတုန်းကတည်းက တွဲခဲ့တဲ့
သူငယ်ချင်းဖြစ်ပါတယ်။ သူက သူ့မင်္ဂလာဆောင်မှာ လူပျိုရံလုပ်ပေးဖို့
ကမ်းလှမ်းတော့ ဝမ်းပန်းတသာ လက်ခံခဲ့ပါတယ်။ “ကျွန်တော်တို့က မင်္ဂလာပွဲ
မတိုင်ခင် ညမှာ လူလွတ်တစ်ယောက်အနေနဲ့ နောက်ဆုံးပျော်ရတဲ့ပွဲအဖြစ်
သူငယ်ချင်းတွေနဲ့ အစွမ်းကုန်ပျော်နေကြပါတယ်။ သတိုးသားဖြစ်သူက
ခန်းမထဲဝင်ဖို့ စောင့်နေတုန်းမှာ လက်စွပ်တွေကို ကျွန်တော့်အိတ်ထဲမှာ
ထည့်ပြီး သိမ်းထားပေးရမှာ ဖြစ်ပါတယ်။
မင်္ဂလာပွဲအတွက်
သတိုးသားဖြစ်သူက စိတ်အရမ်းလှုပ်ရှားနေပြီး လက်စွပ်ကို
ဂရုစိုက်ပြီးသေချာသိမ်းပေးဖို့ ပြောခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ
ကျွန်တော့်မျက်လုံးထဲမှာ လက်စွပ်ကအောက်ကို ပြုတ်ကျပြီး
အက်ကွဲကြောင်းတစ်ခုထဲ ကျသွားတယ်လို့ မြင်ယောင်လာပြီး စိတ်အရမ်း
ပူသွားခဲ့ပါတယ်။ ဒါနဲ့ မသိစိတ်ကနေ လွှတ်ကနဲ လက်စွပ်ကို
ပါးစပ်ထဲထည့်လိုက်ပြီး ကံဆိုးစွာနဲ့ ကြို့ထိုးလိုက်တဲ့အတွက်
မျိုချလိုက်သလို ဖြစ်သွားပါတယ်။
နောက်တစ်နေ့မနက်
မင်္ဂလာပွဲမှာတော့ သတိုးသားနဲ့ သတိုးသမီးက ကျွန်တော့်ကောင်းမှုကြောင့်
အူကြောင်ကြောင်နိုင်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ရပါတယ်။ ခန်းမထဲ ဝင်လာပြီး
စင်မြင့်ပေါ်ရောက်ချိန်မှာ ကျွန်တော်က လက်စွပ်ကို အိတ်ထဲက
ထုတ်ပေးချင်ဟန်ဆောင်ပြီး သတိုးသားကလည်း သတိုးသမီးလက်ကို လက်စွပ်စွပ်ပေးသလို
ဟန်ဆောင်လိုက်ရတာပါပဲ။
ကျွန်တော်ကတော့ ၈
ကာရက်ရှိတဲ့ စိန်လက်စွပ်ကို ပြန်ရဖို့အတွက် အဝကျယ်တဲ့ အလေးအိုးကို သုံးပြီး
အလေးသွားရသလို ပြီးရင်လည်း လက်စွပ်ကို မွှေနှောက်ရှာဖွေနေရတာက ရုတ်တရက်
မသိစိတ်ကြောင့်ဖြစ်သွားတဲ့ အမှားတစ်ခုကြောင့်ဆိုတာလို့ပဲ
ပြောချင်ပါတယ်လို့ သတိုးသား အရံဖြစ်သူ Dough ကပြောပြခဲ့ပါတယ်။
Trend Myanmar
Trend Myanmar

No comments: