ဒီတစ်ပတ်(၁၅. ၉. ၂၀၁၆ မှ ၂၁ရက်၊ ၉လ၊ ၂၀၁၆ထိ ) ဗေဒင်
တနင်္ဂနွေ
အတွေးသမား၊ စိတ်ကူးယဉ်သမားဖြစ်သည်။ တွေးပူနေရသည်။ သူစ်ပါးအရှုတ် ကိုယ့်အရှုတ်ဖြစ်မည်။ လူခင်ချင်း စိတ်ဝမ်းကွဲမည်။ မိသားစု အကြီးအကဲတစ်ဦး ချူချာမည်။ ပစ္စည်းပျောက် ငွေလိမ်ခံရခြင်းကြုံမည်။ ငွေကြေးချေးငှားသူပေါ်မည်။ မချေးငှားသင့်ပါ။ ချေးလျှင် ပြန်မရနိုင်ပါ။ ငွေဝင်ကိန်းရှိသည်။ စက်ပစ္စည်းဝင်ကိန်းရှိသည်။ ရွှေအ၀င်၊ အထွက်ဖြစ်မည်။ ခြေဖျား၊ လက်ဖျားခိုက်မိတတ်၍ ဂရုစိုက်ပါ။ ချစ်သူ၏ အထင်အမြင်လွဲမှားမှု ကြုံမည်။ သို့သော် ပြန်ပြေလည်မည်။
အကျိုးပေးဂဏန်း- ၅၊ ၆၊ ၈။
အထူးဟော- စိတ်ချမ်းသာမှုရမည်။
ယတြာ- တနင်္ဂနွေနေ့နံနက်တွင် မြောက်အရပ်ရှိ လမ်းကို သန့်ရှင်းရေးလုပ်လိုက်ပါ။
တနင်္လာ
အရာရာကို ခဏခဏပြန်လုပ်ရတာမျိုး ဖြစ်ကိန်းရှိသည်။ ခရီးယာယီများလည်း မကြာခဏလို ထွက်ဖြစ်မည်။ ကတိတစ်ခု အရမ်းမပေးသင့်ပါ။ ကတိပျက်၍ သူငယ်ချင်း အချင်းချင်းစိတ်ဝမ်းကွဲခြင်း၊ ချစ်သူချင်းအထင်မြင်လွဲခြင်း၊ ဆရာသမား၏ အပြစ်တင်ခြင်းများ ကြုံရတတ်သည်။ မရောက်ဖူးသော ခရီးအတိုအထွာများ သွားဖြစ်မည်။ မရည်ရွယ်သောသူနှင့် ချစ်သူဖြစ်သွားကိန်းရှိသည်။ ကျန်းမာရေးအနည်းငယ် ချူချာတတ်၍ ဂရုစိုက်ပါ။ ငွေဝင်၊ ငွေထွက်ကြမ်းမည်။ ရွှေ၊ စက်တို့ ၀င်ကိန်း၊ ထွက်ကိန်းရှိသည်။ ၀မ်းဗိုက်နှင့်ပတ်သက်၍ ချူချာတတ်သောကြောင့် အစားအသောက်ဆင်ခြင်ပါ။ ငယ်ရွယ်သူတို့အတွက် စိတ်ရှုတ်ရတတ်သည်။ စာမေးပွဲတို့အောင်လိမ့်မည်။ အလုပ်အကိုင်များ တိုးတက်လိမ့်မည်။
အကျိုးပေးဂဏန်း- ၆၊ ၁၊ ၉။
အထူးဟော- အောင်မြင်လိမ့်မည်။
ယတြာ- တနင်္လာနေ့နံနက်တွင် ဘယာကြော် ၁၅ခုကို အိမ်ဘုရားကပ်လှူပါ။
အင်္ဂါ
စွန့်စားမှုနှင့် စူးစမ်းမှုများ ပြုလုပ်ဖြစ်မည်။ မရောက်ဖူးသောခရီး၊ မပေါင်းဖူးသောမိတ်ဆွေ၊ မလုပ်ဖူးသောအလုပ်များ လုပ်ဖြစ်မည်။ ရောက်ဖြစ်မည်။ ကောင်းပါသည်။ သို့သော်လည်း အချစ်ရေးကိစ္စရှုတ်လိမ့်မည်။ မနာလိုသူတွေရှိနေမည်။ အတိုက်အခံရန်တို့ပေါ်လိမ့်မည်။ သို့သော် ကိုယ့်ဘက်က အောင်မြင်မည်။ လက်ရှိအလုပ်အကိုင် တိုးတက်မြင့်မားလိမ့်မည်။ ယှဉ်ပြိုင်သူရှိနေမည်။ လူရင်းလူခင်ချင်းစိတ်ဝမ်းကွဲလိမ့်မည်။ ထိခိုက်ရှနာဖြစ်တတ်၍ သတိထားပါ။ ငွေကြေးအလုံးရင်းများ ရကိန်းရှိသည်။ ငွေလိမ်ခံရကိန်းရှိ၍ ငွေမချေးသင့်ပါ။ အိမ်ဆောက်ခြင်း၊ မြေ၀ယ်၊ မြေရောင်းခြင်းများ ဖြစ်လိမ့်မည်။
အကျိုးပေးဂဏန်း - ၃၊ ၅၊ ၀။
အထူးဟော - ကံကောင်းပါသည်။
ယတြာ- အင်္ဂါနေ့နံနက်တွင် အောင်သပြေ ၁၉ညွန့်ကို တန်ခိုးကြီးဘုရားကို လှူ၍ ဆုတောင်းပါ။
ဗုဒ္ဓဟူး
အရာရာကံကောင်းနေမည်။ လှုပ်ရှားသွားလာမှုလည်း များနေမည်။ မိတ်သစ်မိတ်ဟောင်းတို့၏ အကူအညီလည်း ရမည်။ စက်ပစ္စည်း၊ မြေကွက်၊ ရွှေထည်များ၊ ၀င်ကိန်းရှိသည်။ အိမ်ရှိလူလည်း ခရီးထွက်ကိန်းရှိသည်။ ၀န်ထမ်းလုပ်ငန်းများ ရာထူးတက်ခြင်း၊ လစာတိုးခြင်းရှိမည်။ စီးပွားရေးသမားများ အရောင်းအ၀ယ်ကောင်းမည်။ ၀င်ငွေကောင်းမည်။ လုပ်ငန်းတိုးချဲ့လုပ်ပါက ချမ်းသာမည်။ ချစ်သူအသစ်တွေထပ်တွေ့မည်။ မမျှော်လင့်ဘဲ အိမ်ထောင်ကျကိန်းရှိသည်။ သို့သော် ၀ါကျွတ်မှ ယူပါ။ ထိခိုက်ရှနာတစ်ခုခု ဖြစ်ကိန်းရှိ၍ ဂရုစိုက်ပါ။ သို့တည်းမဟုတ် ခွဲစိတ်မှုအသေးစားဖြစ်တတ်သည်။
အကျိုးပေးဂဏန်း- ၅၊ ၇၊ ၉။
အထူးဟော- အောင်မြင်သူဖြစ်မည်။
ယတြာ- ဗုဒ္ဓဟူးနေ့နံနက်တွင် အိမ်ဘုရားကို အောင်သပြေ ၁၉ညွန့်နှင့် ရေးအေးအေး သက်စေ့ရေသပ္ပာယ်ပါ။
ကြာသာပတေး
စိတ်တွေလေမည်။ ရည်ရွယ်ချက်တွေများနေမည်။ ရည်ရွယ်ချက်အတိုင်း ဖြစ်မလာသေး၍ စိတ်မောလူမော ဖြစ်ရတတ်သည်။ အချင်းချင်း စိတ်ဝမ်းကွဲတတ်သည်။ မိသားစု တစ်ကွဲစီနေရတတ်သည်။ လုပ်ငန်းမတည်ငြိမ်ခြင်း၊ နေရာထိုင်ခင်းမတည်ငြိမ်ခြင်း၊ ဖြစ်ကိန်းရှိသည်။ အချစ်ရေးမှာ ပြဿနာအသေးအဖွဲရှုတ်မည်။ သို့သော် ပြန်အဆင်ပြေသွားမည်။ ယှဉ်ပြိုင်သော အချစ်ရေးရှိနေသည်။ ဂရုစိုက်ပါ။ စကားပြောဆင်ခြင်ပါ။ စကားရှုတ်လိမ့်မည်။ ငွေဝင်၊ ငွေထွက်ကြမ်းမည်။ ထိတ်လန့်မှုလေးများ ဖြစ်ကိန်းရှိသည်။ ဂရုစိုက်ပါ။ အပူသည် မိန်းမ အ၀င်မတော်ပါ။
အကျိုးပေးဂဏန်း- ၆၊ ၈၊ ၁။
အထူးဟော- လာမည့် ၃ရက်အတွင်း စိတ်ရှုရပြီး ကျော်လျှင် စိတ်ချမ်းသာရမည်။
ယတြာ - ကြာသာပတေးနေ့နံနက် အစောကြီးတွင် တောင်ဘက်အရပ်ရှိ လမ်းမပေါ်တွင် ငွေ ၁၀၀ကျပ် ပန့်သကူပြုပါ။ ထွက်ရော့တစ်ရာ ၀င်လာခဲ့သိန်း တစ်ရာဟု ဆိုပြီး လမ်းမပေါ်သို့ကြဲပါ။
သောကြာ
သင်၏ကောင်းသောစိတ်ကြောင့် ဆောင်ရွက်မှုများမည်။ သူတစ်ပါး၏ ထင်မြင်လွဲမှားမှု ဖြစ်ကိန်းရှိပါသည်။ သင်၏လွတ်လပ်စွာ သွားလာမှုတို့သည် မိဘတို့၏ အထင်အမြင်လွဲမှားမှုကို ဖြစ်စေလိမ့်မည်။ သင်အရမ်းချစ်သောသူမှာ သင့်မိဘသဘောမတူနိုင်သောသူဖြစ်တတ်သည်။ သို့သော် ထွက်မပြေးသင့်ပါ။ လူယုံမထားသင့်ပါ။ စကားကုန်မပြောသင့်ပါ။ သင့်မှာ မနာလိုသူရှိသည်။ မကောင်းကြံခြင်းလည်း ခံရတတ်၍ ဂရုစိုက်ပါ။ ညခရီးမသင့်ပါ။ ယခုပိုင်း ရည်ရွယ်ချက်တွေ များနေသည်။ ရည်ရွယ်ချက်အတိုင်းဖြစ်မလာ၍ စိတ်မောနေရတတ်သည်။ တစ်ခုပြီးမှ တစ်ခုလုပ်ပါ။ အောင်မြင်ပါလိမ့်မည်။ အလုပ်ကိစ္စအဆင်ပြေမည်။ ငွေကြေးကိစ္စအဆင်ပြေမည်။ အချစ်ရေးမှာ အထစ်ငေါ့ရှိသော်လည်း အဆင်ပြေမည်။ ကိုယ်ပိုင်လုပ်ငန်း၊ ရှယ်ယာလုပ်ငန်း အကျိုးပေးမည်။ ကျန်းမာရေးမှာ အနည်းငယ်မျှ ချူချာနိုင်သည်။ မစိုးရိမ်ရ။
အကျိုးပေးဂဏန်း- ၇။ဝ။ ၂။
အထူးဟော- ကံကောင်းပါမည်။
ယတြာ- သောကြာနေ့နံနက်ပိုင်းတွင် တန်ခိုးကြီးဘုရားကို ရွှေသင်္ဃန်းကပ်လှူပါ။
စနေ
စိတ်တိုင်းမကျမှုလေးများ အနည်းငယ်ဖြစ်ပေါ်မည်။ ရည်ရွယ်ချက်များ ပြောင်းလဲသွားတတ်သည်။ သို့သော် အလုပ်အကိုင်တော့ အဆင်ပြေလာမည်။ လုပ်ငန်းနှင့်ပတ်သက်၍ စိတ်အနည်းငယ် ရှုတ်ရတတ်သည်။ ငွေဝင်ကောင်းမည်။ ခရီးယာယီများ သွားဖြစ်မည်။ ကုသိုလ်ကောင်းမှု အလှူအတန်းများ ပြုလုပ်ဖြစ်မည်။ မရောက်ဖူးသေးသော ခရီးစဉ်တို့ရောက်ဖြစ်မည်။ အချစ်ရေး အိမ်ထောင်ရေး အဆင်ပြေမည်။ ချစ်သူအသစ်တွေ့မည်။ စက်ပိုင်းဆိုင်ရာပစ္စည်း၊ ယာဉ်နှင့်ပတ်သက်သော် ပစ္စည်း ၀င်ကိန်း၊ ထွက်ကိန်းရှိသည်။ အရှုတ်အရှင်းဖြစ်သော်လည်း ကိုယ့်ဘက်က အနိုင်ရမည်။ ထီပေါက်ကိန်းရှိသည်။ ထီထိုးပါ။ မိဘသို့မဟုတ် ဆွေမျိုးသားချင်းအတွက် ကောင်းသတင်းကြားရမည်။
အကျိုးပေးဂဏန်း- ၈၊ ၀၊ ၄။
အထူးဟော- ကံကောင်းသည်။
ယတြာ- စနေနေ့နံနက်တွင် တန်ခိုးကြီးဘုရားကို တန်ခွန်ကုက္ကားကပ်လှူ၍ ဆုတောင်းပါ။
လက္ခဏာဗေဒင်ပညာ

No comments: