လမ်းလျှောက်ပေးရုံနဲ့ ပိုက်ဆံရနေသူ


သူကတော့ အမေရိကန် လော့အင်ဂျလိမြို့က Chuck McCarthy ဆိုသူဖြစ်ပါတယ်။ သူ့ရဲ့အလုပ်က သရုပ်ဆောင်ဖြစ်ပေမယ့် နောက်ထပ်ငွေရှာချင်တဲ့အတွက် ဒီနည်းလမ်းကို သုံးခဲ့တာဖြစ်ပါတယ်။ အစကတော့ ခွေးတွေနဲ့အတူ လမ်းလျှောက်ပေးဖို့ စဉ်းစားမိပေမယ့် ခွေးတွေရဲ့အညစ်အကြေးကို မသန့်ရှင်းချင်တာကြောင့် လူတွေနဲ့ လမ်းလျှောက်ဖို့ အကြံရခဲ့တာပဲ ဖြစ်ပါတယ်။

လမ်းလျှောက်ပြီးတော့ ပိုက်ဆံရတာကို ကျွန်တော်တို့အနေနဲ့ ကြည့်ရင် ရယ်စရာဖြစ်ပေမယ့် သူကတော့ တကယ်အလုပ်ဖြစ်နေပါတယ်။ လမ်းအတူလျှောက်ပေးရင်းနဲ့ တစ်ဖက်လူရဲ့ ရင်ဖွင့်တာတွေကိုနားထောင်ပေး ၊ စိတ်အားတက်ကြွစေမယ့် စကားတွေကို ပြောပေးတဲ့အပြင် လုံခြုံရေးကိုလည်း ယူပေးမှာပဲ ဖြစ်ပါတယ်။ Chuck ဟာ ကျန်းမာသန်စွမ်းပြီး အရပ်ကလည်း ၆ပေ ၂ လက်မ ရှိတာကြောင့် လုံခြုံမှာတော့ မပူရပါ။


 လမ်းလျှောက်ဖို့ အဖော်မရှိသူတွေဟာ Chuck ကို အမြဲငှားရမ်းလေ့ရှိပါတယ်။ Chuck ဟာ အလွန်ပျော်တတ်တဲ့သူဖြစ်တာကြောင့် သူ့ကိုလမ်းလျှောက်ဖို့ ငှားရမ်းသူတွေကလည်း သဘောကျကြပါတယ်။ Chuck ကလည်း ဒီအလုပ်မှာ ပျော်နေပြီလို့ သိရပါတယ်။လမ်းလျှောက်ခအဖြစ် ၁မိုင်ကို ၇ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

သူများမတွေးတတ်တဲ့အိုင်ဒီယာကို တွေးပြီး လုပ်ကိုင်တတ်တာကတော့ ချီးကျူးစရာပါ။






No comments:

Powered by Blogger.