ခြေထောက်မရှိပေမယ့် ဇွဲမလျှော့တဲ့ ကလေးငယ်


 တရုတ်နိုင်ငံက အသက် ၁၁ နှစ်အရွယ် Gao Zhiyu ဆိုတဲ့ ကလေးငယ်ဟာ ၂၀၁၂ ခုနှစ် နွေရာသီအားလပ်ရက်တစ်ခုမှာ ကားနဲ့တိုက်မိပြီးအောက်ပိုင်း ဒါဏ်ရာပြင်းထန်စွာ ရရှိပြီး ခြေထောက်နှစ်ဖက်စလုံး ဖြတ်ပစ်လိုက်ရပါတယ်။ ဆေးရုံမှာ လေးနှစ်နီးပါးနေခဲ့ရတဲ့အတွက်ကျောင်းမတက်ဖြစ်တော့ပါဘူး။

အခုတော့ သူဟာ တရုတ်အရှေ့ပိုင်း Jimo မြို့က သူ့ရဲ့အတန်းကို ပြန်တက်နေပါပြီ။ ခြေထောက်မရှိတော့ပေမယ့် ၊ သူ့ဖခင်ဖြစ်သူ ဖန်တီးပေးထားတဲ့ သစ်သားလက်ကိုင်နှစ်ခုကို ထောက်ကာပုံမှန်အတိုင်း သွားလာနေနိုင်ပါတယ်။ ဒီအခြေအနေမှာ လူအများစုဟာ စိတ်ဓာတ်ကျသွားတတ်ပေမယ့်Zhiyu ကလေးကတော့ မကျပဲ သူ့ဘ၀ကို သတ္တိရှိရှိရင် ဆိုင်နေပါတယ်။


 သူဟာ ပညာလိုလားသူ ဖြစ်တာကြောင့် ဆေးရုံတက်နေစဉ်အချိန်တချို့မှာ ကျောင်းစာကို ဆက်သင်ယူခဲ့သလို ၊ အခုလိုသွားလာနိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရတယ် လို့ ဆိုပါတယ်။ ခုတော့သူဟာ ကျောင်းကို ပုံမှန်ကလေးတွေလို ပျော်ရွှင်စွာတက်လျှက်ရှိပြီး သူတို့အတန်းရဲ့ အတော်ဆုံး ၅ ရာခိုင်နှုန်းထဲမှာဝင်တဲ့အထိ ကြိုးစားခဲ့နိုင်ပြီ ဖြစ်ပါတယ်။





No comments:

Powered by Blogger.