သားအတွက် အဖေယောင် ဆောင်ခဲ့တဲ့ အမေ
Yevette Vasquez နဲ့ သားဖြစ်သူ Elijah တို့ဟာ အမေတစ်ခု သားတစ်ခုဘ၀ပါ။ တစ်နေ့ အမေဖြစ်သူက သားဖြစ်သူကို ကျောင်းလိုက်ပို့တဲ့အခါကျောင်းရဲ့ကားပါကင်မှာ ပုံမှန်ထက်များစွာပြည့်နေတဲ့ကားတွေကိုတွေ့တဲ့အတွက် ဘာရှိလို့လဲ လို့မေးလိုက်ပါတယ်။ သားဖြစ်သူက စိတ်ပျက်လက်ပျက်နဲ့အဖေများ နဲ့ ဒိုးနပ်ပွဲ(Donuts With Dad) လုပ်နေတာလို့ ပြန်ဖြေတယ်။ ဟုတ်တယ်လေ ၊ သူ့မှာအဖေမရှိတော့ ဒီပွဲမှာဘယ်ပျော်ရမလဲ ၊ မပျော်တော့စိတ်ပျက်တာပေါ့။
ဒါနဲ့ သားဖြစ်သူမျက်နှာညိုးနေတာကို သိတဲ့မိခင်ဖြစ်သူဟာ ကားကိုအမြန်ပြန်ကွေ့ပြီး အိမ်ကိုပြန်လာလိုက်တယ်။ အဲဒီနောက်တော့ ယောင်္ကျားရှပ်အင်္ကျီကိုဝတ် ၊ ချိန်းကြိုးပါတဲ့ဘောင်းဘီကိုဝတ် ၊ လျှာထိုးအုပ်ထုပ်ဆောင်း ၊ နှုတ်ခမ်းမွှေးတပ်လိုက်ပြီး ကျောင်းကိုပြန်လာခဲ့ပါတယ်။ ယောင်္ကျားလေးလိုပြင်ပြီးတဲ့နောက် ကျောင်းကိုပြန်လာပြီး သားဖြစ်သူနဲ့ Donuts With Dad ပွဲကို ပျော်ရွှင်စွာဆင်နွဲလိုက်ပါတယ်။ အားငယ်ပြီးညိုးနေတဲ့ သားဖြစ်သူရဲ့မျက်နှာဟာ ချက်ချင်းတက်ကြွရွှင်လန်းသွားပါတယ်။
"အခြားသူတွေ သူတို့အဖေတွေနဲ့ ပျော်နေချိန်မှာ ကျွန်မသား ဘယ်လောက်ဝမ်းနည်းနေလဲ ကျွန်မသိပါတယ် ၊ သူ့မျက်နှာညိုးနေတာကို ကျွန်မမကြည့်ရက်ဘူး ၊ဒါကြောင့် စိတ်ထဲပေါ်လာတဲ့ ဒီအစီအစဉ်ကို လုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ဆုံးတော့ ညိုးနေတဲ့သားမျက်နှာကို ပြုံးအောင်ကျွန်မလုပ်နိုင်ခဲ့တယ် ၊ သူပျော်သွားတာကိုတွေ့တဲ့အတွက် ကျွန်မလည်း အရမ်းပျော်ပါတယ်လို့" မိခင်ဖြစ်သူ Yevette က ဆိုပါတယ်။





No comments: