ရည်းစားဟောင်းကားလို့ ထင်ပြီး မီးရှို့ရာက ကံဆိုးခဲ့တဲ့အမျိုးသမီး


 ဖလော်ရီဒါပြည်နယ်က အသက် ၁၉နှစ် အရွယ် Carmen Chamblee အမျိုးသမီးဟာ ပြီးခဲ့တဲ့လက ကားမီးရှို့မှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ သူမရည်းစားရဲ့ကားကိုတွေ့ရာကနေ လက်စားချေချင်တဲ့စိတ်နဲ့ လောင်စာဆီတွေကိုလောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအချိန်တုန်းက ကားနားမှာ ဘယ်သူမှ မရှိခဲ့ပါဘူး ။ သူမကလည်း ရည်းစားဖြစ်သူကားကိုရှို့လိုက်တာလို့လည်း ထင်ခဲ့တာပါ။

ကံဆိုးချင်တော့ ဒီကားဟာ သူမရည်းစားရဲ့ ကားမဟုတ်ပဲ အခြားသူတစ်ဦးရဲ့ ကားဖြစ်နေခဲ့တာပါပဲ။ သူမမီးရှို့တာကို အဲဒီနားက cctv ကင်မရာကနေ စစ်ဆေးတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ကားဆီပြန်ရောက်လာတဲ့ အချိန်မှာ မီးလောင်နေတဲ့ သူ့ရဲ့ Honda Civie ကားကိုကြည့်ပြီး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့တယ်လို့ ကားပိုင်ရှင်က ဆိုပါတယ်။

အခုတော့ ကားမှားမီးရှို့မှုကနေ သူမဟာ အဖမ်းခံနေရပြီဖြစ်ပါတယ်။ အပြစ်ဒါဏ်ဘယ်လောက်ကျမလဲ ဆိုတာကိုတော့ မဆုံးဖြတ်ရသေးပါဘူး။





No comments:

Powered by Blogger.