ထိုင်ဝမ်ရိုးရာ မီးနဲ့ ငါးဖမ်းနည်း


ဒီနည်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀ လောက်တည်းကနေ ယနေ့ထိ ထိုင်ဝမ်မှာ အသုံးပြုနေဆဲ နည်းတစ်နည်းဖြစ်ပါတယ်။ sardines လို့ခေါ်တဲ့ ငါးသေတ္တာငါးကလေးတွေကို မီးတုတ်ထွန်းပြီးဖမ်းတဲ့နည်း ပါ။ မီးရောင်ဟာ ဒီငါးလေးတွေကို ရေထဲကနေထခုန်ချင်လောက်အောင်ကို ဆွဲဆောင်တယ်လို့ ဆိုပါတယ်။ ခုန်လာတဲ့ငါးလေးတွေကို ပိုက်နဲ့အသာအယာခပ်လိုက်ရုံပဲ ဖြစ်တာကြောင့် လွယ်ကူလွန်းတဲ့နည်းပါ။




ဒီနည်းဟာ အလွန်ပဲ ရိုးရှင်းလှပါတယ်။ ငါးဖမ်းလှေတွေဟာ ညဘက်မှာ ပင်လယ်ထဲကိုထွက်ပြီးနောက် Sulfuric soil သုတ်လိမ်းထားတဲ့ဝါးတုတ်ကို မီးရှို့လိုက်ပါတယ်။ ဒီအခါမှာ အလွန်တောက်ပတဲ့မီးတောက်လောင်ကျွမ်းပြီး ငါးတွေကို ဆွဲဆောင်ပါတယ်။ ဘယ်လောက်ဆွဲဆောင်သလဲ ဆိုတော့ ပုံမှာမြင်တဲ့အတိုင်းပါပဲ။ တစ်ကြိမ်မှာ ရာချီပြီးခုန်လာတဲ့ ဒီငါးလေးတွေကို ငါးဖမ်းသမားတွေက ပိုက်နဲ့အလွယ်တကူ ဖမ်းယူလိုက်ပါတယ်။ ထိုင်ဝမ်မှာ ဒီနည်းတဲ့ငါးဖမ်းတဲ့လှေပေါင်း ၃၀၀ခန့် ရှိပါတယ်။ တစ်ခါဖမ်းတဲ့အခါ ၆နာရီခန့်ကြာမြင့်ပြီး ဒီအချိန်အတွင်းမှာ ငါးအလေးချိန် ၃တန် ၄တန် ခန့်ရရှိကြပါတယ်။ ကောင်းကောင်းဖမ်းနိုင်တဲ့အဖွဲ့ဟာ တစ်ညတည်းမှာပဲ ဒေါ်လာ ၄၅၀၀ ခန့် ရှာနိုင်ပါတယ်။


ဒီငါးဖမ်းနည်းကို အမြဲဖမ်းလို့တော့ မရပါဘူး။ sardine ငါးတွေရဲ့ရာသီဟာ မေ၊ ဇွန် ၊ ဇူလိုင် ၃လ သာ ရှိတဲ့အတွက်ဖြစ်ပါတယ်။ ခရီးသွားတွေကိုဆွဲဆောင်တဲ့ မြင်ကွင်းဖြစ်တဲ့အပြင် ရိုးရာအမွေကို ထိန်းသိမ်းတဲ့အနေနဲ့ အစိုးရကိုယ်တိုင်က ခွင့်ပြုထားတာပဲ ဖြစ်ပါတယ်။ ဒီငါးဖမ်းနည်းကို ကျွမ်းကျင်သူတွေရဲ့အသက်ဟာ ၆၀၀န်းကျင်ဖြစ်ပြီး ငယ်ရွယ်သူတွေက စိတ်မ၀င်စားတဲ့အတွက်ကြောင့် အနာဂတ်မှာ ဒီငါးဖမ်းနည်းကွယ်ပျောက်သွားမှာ စိုးရိမ်နေကြပါတယ်။



Video


No comments:

Powered by Blogger.