ကမ္ဘာ့အကြီးဆုံး နှင်းလျှောစီးကွင်း ဆောက်ဦးမယ့် ဒူဘိုင်း
ဒူဘိုင်းမြို့ဟာ အပူချိန်များလွန်းတဲ့ အရှေ့အလယ်ပိုင်း
ဒေသတစ်ခုဖြစ်ပေမယ့် ကြွယ်ဝချမ်းသာမှုကြောင့်
အလိုရှိသမျှအားလုံးဆောက် လုပ်နိုင်တဲ့နေရာ တစ်
ခုဖြစ်ပါတယ်။ အခုလည်း နှင်းကျတယ်ဆိုတာ ဘာ
လဲလို့ မေးရမယ့် အပူပိုင်းဇုန်ဒေသမှာ ကမ္ဘာ့အကြီး
ဆုံးရေခဲပြင်စကိတ်ကွင်းတစ်ကွင်းဆောက်လုပ်ဖို့
ကြေငြာလိုက်ပါပြီ။
ကမ္ဘာ့အကြီးဆုံးလို့ဆိုနိုင်မယ့် အဆိုပါရေခဲပြင်စကိတ်ကွင်းသစ်ကြီးဟာ ၁.၂ ကီလိုမီတာလောက် ရှည်လျားတဲ့ စကိတ်ပြေးလမ်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့အကြီးဆုံး ရေခဲပြင်စကိတ်ကွင်းကလည်း ဒူဘိုင်းမှာပဲ ရှိတာဖြစ်ပါတယ်။ Mall of the Emirates လို့ခေါ်တဲ့ ဖျော်ဖြေရေး၊ ဟိုတယ်၊ ဈေးဝယ်စင်တာ
တွေရှိတဲ့ နေရာကြီးမှာ ၂၀၀၅ ခုနှစ်ကတည်ဆောက်ထားတာဖြစ်ပါတယ်။ အသစ်ဆောက်မယ့်ရေခဲ
ပြင်စကိတ်ကွင်းက ပိုကြီးသွားမှာဖြစ်လို့ ကိုယ့်စံချိန်ကိုယ်ပြန်ချိုးတဲ့သဘောပါပဲ။ နွေရာသီမှာဆို ဒူဘိုင်းမြို့ အပူချိန်က ၄၅ စင်တီဂရိတ်လောက်ရှိတက်ပါတယ်။

အဲဒီလိုအချိန်မျိုးမှာတောင် ရေခဲပြင်စကိတ်ကွင်းရုံထဲမှာ အေးအေးလူလူ နှင်းလျှောစီးနိုင်အောင် စီစဉ်ထား
မှာ ဖြစ်ပါတယ်။အခြားအဆောက်အဦတွေလည်း ပါဝင်မယ့် ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၆.၈ ဘီလီယံ လောက်ကုန်ကျမှာဖြစ်ပါတယ်။
Planet Myanmar

No comments: