ကမ္ဘာ့အင်အားအပြင်းဆုံးတိုင်ဖွန်းဆိုဒဲလာ ဂျပန်သို့ဦးတည်နေ



ကမ္ဘာ့အင်အားအပြင်းထန်ဆုံးစူပါတိုင်ဖွန်းမှာ ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးများကိုဖြတ်ကျော်
တိုက်ခတ်ခဲ့ပြီးနောက် ဂျပန်သို့ဦးတည်နေကြောင်းသိရှိရသည်။ စူပါတိုင်ဖွန်းဆိုဒဲလာမှာ တနင်္ဂနွေနေ့က
မြောက်ပိုင်းမာရီယာကျွန်းစုများကိုဖြတ်ကျော်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီ ၁၀၅ မိုင်ရှိပြီး ကျွန်း၏အဓိကဓာတ်အားပေးစက်ရုံမှာလည်း ပေ ၃၀ အမြင့်ရှိ လှိုင်းလုံးများကြောင့် ရေနစ်မြုပ်ခဲ့ရသည်။


ထိုမုန်တိုင်းမှာ လေတိုက်နှုန်းတစ်နာရီ မိုင် ၂၂၀ အဆင့်ရှိ အင်အားအပြင်းဆုံးမုန်တိုင်းအဖြစ်သို့ရောက်ရှိ
နေကြောင်း တိုင်ဖွန်းသတိပေးချက်ပူးပေါင်းစင်တာမှ ထုတ်ပြန်ထားသည်။ ဆိုဒဲလာမုန်တိုင်းမှာ လွန်ခဲ့သည့် ၅ လက ဗန်နူအာတူကျွန်းစုနိုင်ငံတွင် လူ ၁၅ ဦးသေဆုံးခဲ့ရသည့် ပမ်ဆိုင်ကလုန်းထက် အင်အားပိုမိုပြင်းထန်ပြီး ဂျပန်နိုင်ငံတောင်ပိုင်းကို ကြာသပတေးနေ့တွင် ၀င်ရောက်မည်ဟု သိရှိရသည်။

မြောက်ပိုင်းမာရီယာကျွန်းစု ယာယီအုပ်ချုပ်ရေးမှူးက ပြင်းထန်သည့် သဘာဝဘေးဒဏ်ခံစားရသော အရေးပေါ်အခြေအနေအဖြစ် မုန်တိုင်းစတင်ဝင်ရောက်သည့် တနင်္ဂနွေနေ့က ကြေညာထားသည်။ ဆိုဒဲလာဝင်ရောက်ပြီးနောက် လူဦးရေ ၄၀၀ နီးပါးမှာ အရေးပေါ်ကယ်ဆယ်ရေးစခန်းများသို့ဝင်ရောက်ခို
လှုံခဲ့ရပြီး အိမ်များ၊ လျှပ်စစ်ဓာတ်အား၊ ရေနှင့် ရေဆိုးစွန့်စနစ်များ ပျက်စီးသွားခဲ့သည်။ သို့သော် လူအများစု
မှာထိခိုက်ဒဏ်ရာများသာရရှိခဲ့ပြီး အသေအပျောက်မရှိကြောင်း သိရှိရသည်။ ထိုကျွန်းစုများအနီး တွင်တည်ရှိ သည့် ဂူအမ်နိုင်ငံတွင် လှေများ သင်္ဘောများကို အန္တရာယ်ရှိအခြေအနေအဖြစ် မိုးလေ၀သဌာနက သတိပေး
ထားသည်။

 

ဆိုဒဲလာတိုင်ဖွန်းမှာ နောက် ၂၄ နာရီအတွင်း အတားအဆီးမရှိသည့် သမုဒ္ဒရာပြင်တွင် အင်အားပိုမိုပြင်းထန်
လာမည်ဖြစ်ပြီး နောက်ပိုင်းတွင်မှု အရှိန်လျော့နည်းသွားမည်ဖြစ်သည်။ ကြာသပတေးနေ့နှောင်းပိုင်းတွင် ဂျပန်တောင်ပိုင်း၊ ထိုင်ဝမ်နှင့် တရုတ်တို့သို့ ဆိုဒဲလာတိုင်ဖွန်းဝင်ရောက်ချိန်တွင် မုန်တိုင်းအဆင့် ၃ သို့မဟုတ် ၄ အဆင့်အထိ အားပျော့သွားမည်ဖြစ်သည်။

Ref: Dailymail
ညီမင်းဟန်

 International news for myanmar

No comments:

Powered by Blogger.