မိုဘိုင်းဖုန်း ကြာရှည်စွာ အသုံးပြုခြင်းက ကင်ဆာဖြစ်စေနိုင်


မိုဘိုင်းဖုန်းတွေဟာ လူ့ကျန်းမာရေးအတွက် သိပ်ကို အန္တရာယ်ရှိကြောင်း သုတေသနသစ် တစ်ရပ်က အခိုင် အမာဆိုပါတယ်။ ဖုန်းတွေ၊ တက်ဘလက်တွေလို ကြိုးမဲ့စက်တွေက ထုတ်လွှင့်တဲ့ ရေဒီယိုလှိုင်း တွေ
ဟာ ကျန်းမာရေးအန္တရာယ် တော်တော်များများနဲ့ ဆက်စပ်မှုရှိနေပါတယ်။

ပါကင်ဆန်၊ အယ်လ်ဇိုင်းမားတို့လို ဦးနှောက်ပိုင်းဆိုင်ရာ ရောဂါတွေကအစ ကင်ဆာရောဂါအဆုံး ပါပဲ။ အဲဒီ့ရေဒီယိုလှိုင်းတွေ ဟာ ခန္ဓာကိုယ်အတွင်းမှာ မညီညွတ်မမျှတမှု ဒါမှမဟုတ် Oxidative Stress တွေကို
ဖြစ်စေတယ်လို့ သုတေသီတွေက အခိုင်အမာဆိုပါတယ်။ Oxidative Stress ဆိုတာက ကိုယ်အင်္ဂါ၊တစ်သျှူးတွေ
ရဲ့ လုပ်ဆောင်မှုပျက်ယွင်းစေတဲ့ ရောဂါတွေနဲ့ သိပ်ကိုနီးစပ်မှုရှိတဲ့ ထိခိုက်ပျက်စီးစေတဲ့ ဖြစ်စဉ်တစ်ရပ်ပါ။

ဒီလေ့လာမှုသစ်က မိုဘိုင်းဖုန်းတွေဟာ လူ့ DNA ကို ဘယ်လိုပုံဘယ်လို နည်းနဲ့ ထိခိုက်စေတယ်ဆိုတဲ့ ရေဒီ
ယိုကြိမ်နှုန်းလှိုင်းတွေရဲ့ အကျိုးဆက် လေ့လာစမ်းသပ်မှု အချက်အလက်တွေကို သုံးသပ်ခဲ့တာပါ။ ကြိုးမဲ့စက်
တွေနဲ့ ကင်ဆာအကြား ဆက်စပ်မှုကို ရေဒီယိုကြိမ်နှုန်းထိတွေ့မှုကြောင့်ဖြစ်တဲ့ oxidative stree က ရှင်းပြ
ပေးနိုင်မယ်လို့ ယူကရိန်းအမျိုးသား သိပ္ပံအကယ်ဒမီမှ Dr. Igor Yakymenko က အတည်ပြုပြောဆိုခဲ့ပါတယ်။

ကာလကြာရှည် ထိတွေ့မှုတွေဖြစ်ခဲ့ပြီးရင် ခေါင်းကိုက်တာ၊ မောပန်းနွမ်းနယ်တာ၊ အရေပြားယားယံတာ စတဲ့ အသေးစား ချို့ယွင်းမှုတွေ ဖြစ်လာတယ်လို့ သူကပြောပါတယ်။ သူ့ရဲ့အဆိုတွေဟာ ဓာတုနည်းအရ အောက်
ဆီဂျင်ပါဝင်ပြီး ဓာတ်ကြွမော်လီကျူးတွေဖြစ်တဲ့ ဓာတ်ကြွအောက်စီဂျင်မျိုးစိတ် တွေအပေါ်အခြေခံထား
တာ ဖြစ်တယ်လို့ သိရပါတယ်။

Trend Myanmar

No comments:

Powered by Blogger.