သင့်ရဲ့အကျင့်က ပြောပြနေတဲ့ သင့်အကြောင်း



ဖော်ပြထားတဲ့ ပုံစံ ၂မျိုးထဲက သင်ဟာဘယ် အမျိုးအစားမှာပါ ပါသလဲ။ R ( Red )  ဒါမှမဟုတ် B (Blue)
ထဲမှာ ပါဝင်နေနိုင်ပါတယ်။လက်ဆုပ်တာ R  ဖြစ်ပြီး လက်ပိုက်တာ B ဖြစ်နေနိုင်ပါတယ်။အမျိုးအစားခွဲလိုက်
မယ် ဆိုရင်တော့

R-R
R-B
B-R
B-B

ဆိုပြီး ၄မျိုးရမှာပါ။ ယေဘုယျအခြေအနေတွေကို ခန့်မှန်းရမယ်ဆိုရင်


R-R
သင်ဟာ ယဉ်ကျေးတဲ့သူ တစ်ယောက်ဖြစ်ပြီး အခြားသူတွေရဲ့စကားကို နားထောင်ပေးလေ့ရှိသူပါ။ အခြားသူတွေရဲ့ ခံစားချက်တွေကို စာနာ တတ်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သင်ဟာ အားနာတတ်သူပါ။ ဒီအားနာတဲ့စိတ်ကြောင့်ပဲ အခွင့်အရေး တချို့ဆုံးရှုံးခဲ့သူပါ။ အချစ်ကို ကိုးကွယ်သူလည်း ဖြစ်ပါတယ်။

R-B
သင်ဟာ တည်တည်နေတတ်သူဖြစ်ပြီး ဒေါသကြီးတတ်သူဖြစ်ပါလိမ့်မယ်။ ကျယ်လောင်စွာ ရယ်မောလေ့
ရှိပြီးငိုရင်လည်းရုတ်တရက် ငိုတတ်ပါတယ်။ ပစ္စည်းတခုခုဝယ်တဲ့အခါမှာလည်း ၀ယ်သင့်လားလို့မစဉ်းစား
ပဲ ၀ယ်တတ် သူပါ။အများစိတ်ဝင်စားမှုကို နှစ်သက်သူဖြစ်ပါတယ်။ ပန်းတွေပွင့်တဲ့ ဆောင်းရာသီကိုကြိုက်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

B-R
သင်ဟာ ထက်မြက်ပြီး ဥာဏ်ကောင်းသူ တစ်ဦးပါ။ သင့်ဗီဇကိုက အေးအေးဆေးဆေးနေတတ်သူ ဖြစ်တာကြောင့် သူငယ်ချင်းတွေနဲ့ လည်း ရင်းရင်းနှီးနှီးပေါင်းလေ့ မရှိပါ။ သင်ဟာ အများရဲ့ယုံကြည်ခံရ
သူဖြစ်ပြီး သူတပါးကို ကူညီတတ်သူလည်း ဖြစ်ပါတယ်။သင်ဟာ ချစ်ရင်လည်း အချစ်ကြီးသလို မုန်းရင်လည်း အမုန်းကြီးမုန်းတတ်သူ ဖြစ်ပါတယ်။

B-B
သင်ဟာ အေးဆေးတည်ငြိမ်သူ ဖြစ်ပါတယ်။ ရဲရင့်တတ်ပြီး မဟုတ်မခံ စိတ်ရှိသူလည်း ဖြစ်ပါတယ်။ သင့်သူငယ်ချင်းတွေထဲမှာ သင်ဟာ ဦးဆောင်သူ ဖြစ်နေတတ်ပါတယ်။ စေ့စပ်သူ တစ်ဦးဖြစ်ပြီး မိမိစိတ်ကို ထိန်းချုပ်နိုင်တဲ့သူလည်း ဖြစ်ပါတယ်။  ရည်မှန်းချက်ကြီးသူ တစ်ယောက်ဖြစ်သလို ရိုမန်တစ်ဆန်တဲ့ အချစ်ကြီးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

SKK
#AyeSay

www.ayesay.com.mm

  http://1ywpi925eu8i25ne6noy0131.wpengine.netdna-cdn.com/wp-content/uploads/2014/12/facebook-share-button.png

No comments:

Powered by Blogger.