အသက်တစ်ချောင်း တန်ဖိုး
ပုံထဲမှာပါတဲ့ခွေးကလေးတွေဟာ အမေရိကန်နိုင်ငံတွင် ပိုင်ရှင်မဲ့ ခွေးကလေးတွေဖြစ်ပါတယ်။
သူတို့လေးတွေအတွက် မွေးစားမဲ့ ပိုင်ရှင်ကို ရှာနေပင်မဲ့လည်း မတွေ့ခဲ့တဲ့အတွက် သူတို့ကို သတ်ရ
တော့မဲ့နေ့ကို ရောက်ရှိလာပါပြီ။ ဒီအချိန်မှာ တစ်ကောင်နဲ့တစ်ယောက် ဖက်ထားပြီးနောက်ဆုံးအချိန်
ကို စောင့်စားနေကြပါတယ်။ စိတ်မကောင်းစရာမြင်ကွင်းကို တွေ့ခဲ့ရတဲ့ ခွေး၊ကြောင်လေးတွေကို ကာ ကွယ်စောင့်ရှောက်တဲ့ NPO အဖွဲ့က ဒီစာလေးကို Social Media ကိုတင်လိုက်ပါတယ်။
ခွေးလေးတွေရဲ့နာမည်က ကာလာနဲ့ ခယ်လာ ပါ။ ကာလာကတော့ ညာဘက်က ခွေးကလေးဖြစ်ပြီးတော့၊ ခယ်လာကတော့ ဘယ်ဘက်က အဖြုနဲ့အမဲရောင်ခွေးကလေးဖြစ်ပါတယ်။ကာလာကရေးလိုက်တဲ့ စာလေးကတော့ ဒီလိုဖြစ်ပါတယ်။
ကျွန်တော်နာမည်က ကာလပါ။ ဒီဘက်က ခယ်လာ။ အခုအချိန်မှာ ကျွန်တော် အရမ်းကြောက်တယ်။ ထိန်းသိမ်းရေးစခန်းကလူတွေက ဒီနေ့ကတော့ ကျွန်တော်တို့အတွက် နောက်ဆုံးနေ့တဲ့။ မွေးစားမဲ့သူ မပေါ်လာရင် ကျွန်တော်တို့ အသတ်ခံရမယ်တဲ့။ ခယ်လာကို ကျွန်တော် အားပေးနေပါတယ်။ အဆင်ပြေသွားမှာပါလို့ ။ဒါပင်မဲ့ တကယ်ဖြစ်လာမလားဆိုတာကိုတော့ ဘယ်သူမှသိမှာမဟုတ်ပါဘူး။
ခယ်လာရော ကျွန်တော်ပါ ကံတရားအတိုင်း သေခြင်းတရားကို ရင်ဆိုင်နေရတယ်ဆိုတာကို နားလည်နေပါပြီ။ သူ့ကိုကျွန်တော်ဖက်လိုက်ချိန်မှာ သူ့ရဲ့ရင်တွေ အရမ်းခုန်နေတယ်ဆိုတာကို သိလိုက်ရတယ်။ သူ့သေသွားရင် ကျွန်တော်ကတော့ ရင်ကွဲရမှာပါ။ ကျွန်တော်တို့နှစ်ယောက် ဒီစခန်းမှာ ရှိနေချိန်မှာ တယောက်ကိုတယောက် ပံ့ပိုးပြီးနေခဲ့ကြတယ်။ ဒါပင်မဲ့ ဘယ်သူမှမကယ်ရင်တော့ ကျွန်တော်တို့ဘဝက နေဝင်ချိန်ကို ရောက်နေပါပြီ။

ဒီစာလေးက Facebook ကိုဖတ်နေတဲ့ အမျိုးသားတစ်ယောက်စီကို ရောက်သွားပြီး ချက်ချင်းဆိုသလို
ခွေးလေးနှစ်ကောင်ကို မွေးစားဖို့ ခေါ်သွားပါတယ်။ နှစ်ကောင်စလုံး သေဘေးကနေ လွတ်မြောက်သွားတဲ့ အကြောင်းလေးဖြစ်ပင်မဲ့လည်း တိရစ္ဆာန်ကို မွေးထားတဲ့ ပိုင်ရှင်ဖြစ်သူတွေမှာလည်း နောက်ဆုံးအချိန်အထိ တာဝန်ယူရမယ်ဆိုတာကို နားလည်ထားရမှာပါ။
Chelmo Team
No comments: